ကျွနု်ပ်တို့အကြောင်း

ခေတ်နီတိ ဆိုသည်မှာ

လို-တို-ရှင်း

ဒီမိုကရေစီ တိုးတက်ပြန့်ပွားမှု အစီအစဉ်နှင့် ပတ်သက်၍

ခေတ်နီတိဆိုသည်မှာ

တိုးတက်မှု၊ ဉာဏ်ပညာနဲ့ ပြည့်ဝမှုတွေဟာ လူ့အဖွဲ့အစည်းအတွင်းမှာ နေထိုင်ကြသူ တစ်ဦးချင်းစီနဲ့ ဆက်နွယ်နေပါတယ်။ ခေတ်နီတိဆိုတာ မြန်မာနိုင်ငံက လူတစ်ယောက်ချင်းအနေနဲ့ ကိုယ်နေထိုင်တဲ့ ခေတ်ကာလ၊ နိုင်ငံ၊ လူ့အဖွဲ့အစည်း၊ အဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ နိုးနိုးကြားကြား နားလည်နိုင်စေဖို့၊ လူ့အဖွဲ့အစည်းရဲ့ ကိစ္စအဝဝမှာ ကိုယ့်ရဲ့ ရပ်တည်မှုအရ လွတ်လပ်စွာ တုန့်ပြန်နိုင်ဖို့ အားထုတ်မှုတစ်ခုပါ။ ခေတ်နီတိဟာ မြန်မာနိုင်ငံသား တစ်ဦးချင်းစီက ဒီမိုကရေစီ အခွင့်အရေးတွေ၊ တန်ဖိုးထားမှုတွေ၊ ဖြစ်စဉ်တွေကို သိရှိနားလည်ကြစေဖို့၊ ဒီလို သိရှိခြင်းအားဖြင့် နိုင်ငံရေးမှာ လူတစ်ဦးချင်းစီရဲ့ ပတ်သက်ပါဝင်မှုကို လက်ခံကျင့်သုံးပြီး နိုင်ငံသားတိုင်းရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်၊ မြှင့်တင်ပေးနိုင်ကြဖို့ပဲ

လို-တို-ရှင်း

 

  • ခေတ်နီတိဆိုတာ ဘယ်တုန်းက စခဲ့တာလဲ။
  • ၂၀၀၇ ခုနှစ်မှာ စခဲ့တာပါ။

 

  • ခေတ်နီတိဆိုတာကို စာလုံးရေနည်းနည်းနဲ့ ကွက်ကွက်ကွင်းကွင်း ပေါ်လာအောင် ပြောပြစမ်းပါ။
  • အွန်လိုင်းပေါ်မှာ နိုင်ငံသားပညာရေးနဲ့ ပြည်သူ့နီတိကို လေ့လာနိုင်မယ့် နေရာတစ်ခု

 

  • ဘာကြောင့် ခေတ်နီတိလို့ နာမည်ပေးရတာလဲ။
  • ပြည်သူ့နီတိ၊ လောကနီတိဆိုတဲ့ စကားလုံးတွေက မြန်မာ့လူ့အသိုင်းအဝိုင်းနဲ့ ရင်းနှီးပြီးသား ဖြစ်ပါတယ်။ အဲဒီ နီတိတွေက လူ့အဖွဲ့အစည်းရဲ့ တန်ဖိုးစံနှုန်းတွေ၊ ကျင့်ဝတ်တွေကို ဖော်ပြပါတယ်။ ခုလို ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနဲ့ တန်းတူညီမျှရှိရေးတို့အတွက် မြန်မာနိုင်ငံက အသွင်ကူးပြောင်းမှု ဖြစ်နေတဲ့အချိန်မှာ ခေတ်ကာလအလျောက် ရှိသင့်ရှိအပ်တဲ့ ဒီမိုကရေစီ တန်ဖိုးထားမှုတွေကို မမှေးမှိန်ဖို့၊ တည်ဆောက်နိုင်ဖို့နဲ့ ကျယ်ကျယ်ပြန့်ပြန့် လေ့လာနိုင်ဖို့အတွက် ရည်ရွယ်တာကြောင့် ခေတ်+နီတိဆိုတဲ့ စကားလုံးနှစ်ခုကို ပူးတွဲပြီး ခေတ်နီတိလို့ ခေါ်တွင်စေခဲ့တာ ဖြစ်ပါတယ်။

 

  • ခေတ်နီတိက ဘယ်သူတွေအတွက်လဲ။
  • မြန်မာ့လူ့အဖွဲ့အစည်းမှာ ရှိနေပြီး နိုင်ငံရဲ့ အကျိုးစီးပွား၊ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်လိုတဲ့ လူငယ်များအတွက် ရည်ရွယ်ပါတယ်။

 

  • ခေတ်နီတိကို စီစဉ်သူတွေက ဘယ်လိုယုံကြည်ချက်မျိုးကို လက်ကိုင်ထားလဲ။
  • လူ့အဖွဲ့အစည်းရဲ့ ပိုင်ရှင်ဟာ နိုင်ငံသားတွေပဲ။ အဲဒီ နိုင်ငံသားတွေဟာ ဒီမိုကရေစီစနစ်ကြီးရဲ့ ထောက်တိုင်လည်း ဖြစ်တယ်။ နိုင်ငံသားတွေမှာ ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ အသိသုတ၊ ကျင့်ကြံမှုနဲ့ တန်ဖိုးထားမှုတွေ ကောင်းကောင်းမရှိဘူးဆိုရင် ဒီမိုကရေစီလည်း အောင်မြင်မှာ မဟုတ်ဘူး။ ဒီတော့ နိုင်ငံသားအားလုံး ဘယ်လို ဘဝအဆင့်အတန်းတွေမှာပဲ ရှိနေပါစေ ဒီမိုကရေစီအကြောင်း သိထား နားလည်ထားရမယ်၊ ဒီမိုကရေစီ ပညာရေးကို လက်လှမ်းမီနိုင်ဖို့ရာ အသက်တမျှ အရေးကြီးတယ်.. လို့ ယုံကြည်ပါတယ်။

 

  • ခေတ်နီတိမှာ ပါဝင်တဲ့ စာတွေနဲ့ ပတ်သက်လို့ အယ်ဒီတာအဖွဲ့ရဲ့ မူချမှတ်ထားတာ ရှိပါသလား။ ဘယ်လိုတဲ့လဲ။
  • ရှိပါတယ်။ အကျဉ်းချုပ် ပြောရရင်တော့ ဒီမိုကရေစီအကြောင်းကို သာမာန်အရပ်သားတွေ အလွယ်တကူ သိနားလည်နိုင်စေမယ့်ပုံစံနဲ့ ရိုးရိုးရှင်းရှင်း၊ ပညာပေးနိုင်စွမ်း ရှိရှိ၊ ချက်ကျလက်ကျ တင်ဆက်ရမယ့် နည်းလမ်းကို အမြဲရှာဖွေနေဖို့ ဆိုတဲ့ မူပါပဲ။ ဒီမိုကရေစီအကြောင်းဆိုရင် အရမ်း ပညာရှင်ဆန်တဲ့ပုံစံမျိုး၊ နားလည်ဖို့ရာ ဉာဏ်မမီဘူးဆိုတာမျိုး မဖြစ်စေချင်ဘူး။ လူတိုင်း နားလည်လွယ်အောင် တတ်နိုင်သမျှ ကြိုးစား တင်ဆက်နိုင်ရမယ်။ ဒီမိုကရေစီအကြောင်း၊ နိုင်ငံသားအသိပညာအကြောင်း လေ့လာတဲ့အခါ ဘက်လိုက်မှုမရှိတဲ့အပြင် ခိုင်မာ သေချာတဲ့ အချက်အလက် ရင်းမြစ်တွေကို ခေတ်နီတိမှာ အစုံအလင် ရနိုင်ရမယ်။ ဒါဟာ ခေတ်နီတိရဲ့ မူပါပဲ။

 

  • ခေတ်နီတိမှာ ဘာအကြောင်းအရာတွေ အသားပေး ဖော်ပြမှာလဲ။
  • ခုလက်ရှိ အကြောင်းအရာ (၆) ခုကို အဓိက ရွေးချယ်ထားတယ်။ အဲဒါတွေက ဒီမိုကရေစီ၊ ရွေးကောက်ပွဲ၊ နိုင်ငံတော်၊ နိုင်ငံသား၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ငြိမ်းချမ်းရေး အကြောင်းအရာတွေပါ။

 

  • ခေတ်နီတိရဲ့ လုပ်ငန်းတွေကို ကြိုက်တယ်ဆိုရင် ဘယ်လို ထောက်ပံ့ကူညီလို့ရလဲ။
  • အဲသလိုဆိုရင်တော့ ဝမ်းသာစရာပေါ့။ ခေတ်နီတိက တင်ဆက်နေတဲ့ အကြောင်းအရာတွေကို ဖတ်ရှုပြီး အကြံပေး ထောက်ပြတာတွေ လုပ်နိုင်တယ်။ ပြီးတော့ ကိုယ့် အသိုင်းအဝိုင်းထဲမှာ ဝေမျှလို့ရတယ်။ Facebook ကနေ share လုပ်တာဟာလည်း လူတွေအများကြီးဆီ ရောက်ဖို့အတွက် ကူညီရာ ရောက်တာပါပဲ။

 

  • ခေတ်နီတိက တင်ထားတဲ့ စာတွေကို ပြန်ယူသုံးလို့ရလား။
  • ရပါတယ်။ ခေတ်နီတိက ကူးယူဖော်ပြကြောင်း ကိုးကားရည်ညွှန်းပေးရင်တော့ အကောင်းဆုံးပေါ့။ အွန်လိုင်းမှာ ပြန်လည်ကူးယူ ဖော်ပြချင်ရင် #CivicsNow ဒါမှမဟုတ် #CivicsNowCopy ဆိုတာလေး ထည့်ပေးရင် ကောင်းပါတယ်။

 

  • ခေတ်နီတိက စီးပွားဖြစ်လုပ်တဲ့ လုပ်ငန်းတစ်ခုလား။ နိုင်ငံရေးအုပ်စုတစ်ခုခုရဲ့ ဘက်တော်သားတွေလား။
  • ခေတ်နီတိဟာ စီးပွားရေး အကျိုးအမြတ်ကို လုံးဝရည်ရွယ်ခြင်းမရှိပါဘူး။ အလားတူပဲ နိုင်ငံရေးပါတီ/အုပ်စု တစ်ခုခုရဲ့ အကျိုးကျေးဇူးအတွက် ဆောင်ရွက်တာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို ချောမွေ့ညင်သာပြီး နိုင်ငံသားတွေကိုယ်တိုင် ထက်သန်တက်ကြွစွာ ပူးပေါင်းဆောင်ရွက်စေလိုတဲ့ လူမှုဝန်ထမ်းတွေနဲ့ လေ့လာသူတွေ၊ စာရေးသူတွေရဲ့ လွတ်လပ်စွာ ပူးပေါင်းဆောင်ရွက်မှုတစ်ခုပဲ ဖြစ်ပါတယ်။

ဒီမိုကရေစီ တိုးတက်ပြန့်ပွားမှု အစီအစဉ်နှင့် ပတ်သက်၍

လူ့အဖွဲ့အစည်းတစ်ခုရဲ့ ကောင်းမွန်မှု၊ တိုးတက်မှု၊ ဉာဏ်ပညာနဲ့ ပြည့်ဝမှုတွေဟာ လူ့အဖွဲ့အစည်းအတွင်းမှာ နေထိုင်ကြသူ တစ်ဦးချင်းစီနဲ့ ဆက်နွယ်နေပါတယ်။ ခေတ်နီတိဆိုတာ မြန်မာနိုင်ငံက လူတစ်ယောက်ချင်းအနေနဲ့ ကိုယ်နေထိုင်တဲ့ ခေတ်ကာလ၊ နိုင်ငံ၊ လူ့အဖွဲ့အစည်း၊ အဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ နိုးနိုးကြားကြား နားလည်နိုင်စေဖို့၊ လူ့အဖွဲ့အစည်းရဲ့ ကိစ္စအဝဝမှာ ကိုယ့်ရဲ့ ရပ်တည်မှုအရ လွတ်လပ်စွာ တုန့်ပြန်နိုင်ဖို့ အားထုတ်မှုတစ်ခုပါ။ ခေတ်နီတိဟာ မြန်မာနိုင်ငံသား တစ်ဦးချင်းစီက ဒီမိုကရေစီ အခွင့်အရေးတွေ၊ တန်ဖိုးထားမှုတွေ၊ ဖြစ်စဉ်တွေကို သိရှိနားလည်ကြစေဖို့၊ ဒီလို သိရှိခြင်းအားဖြင့် နိုင်ငံရေးမှာ လူတစ်ဦးချင်းစီရဲ့ ပတ်သက်ပါဝင်မှုကို လက်ခံကျင့်သုံးပြီး နိုင်ငံသားတိုင်းရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်၊ မြှင့်တင်ပေးနိုင်ကြဖို့ပဲ ဖြစ်ပါတယ်။

ဆက်သွယ်ရန်

ခေတ်နီတိသို့ ဆက်သွယ်ရန်

အမှတ် ၉၃၊ ဆိပ်ကမ်းသာလမ်း၊ (မဟာဗန္ဓုလလမ်းနှင့် ကုန်သည်လမ်းကြား)၊ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ဖုန်း - +95 9 798 455 540

စာတိုတိုက်ရိုက်ပေးပို့ရန်